close

မြန်မာ့စီးပွားရေး ဆုတ်ယုတ် ဆိုးရွားလာ

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံ ခဲ့ရတဲ့အထဲက တစ်ခုဖြစ်ပြီး လစဉ်ဆုတ်ယုတ် ဆိုးရွားလာတယ်လို့  နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားတဲ့ HIS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းတွေအရ သိရပါတယ်။  

ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့  ကိုဗစ်-၁၉ အကျပ်အတည်းကြားမှာ ၂၀၂၀  စက်တင်ဘာလမှစတင်ပြီး မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု အခြေအနေတွေဟာ  လစဉ်ဆုတ်ယုတ် ဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။ 

အောက်တိုဘာလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာရဲ့ PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ထက် မြင့်တက်ခဲ့ပေမဲ့လည်း အရေးကြီးတဲ့ အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်သာ သိသာစွာနိမ့်ကျနေကြောင်း ဖော်ပြထားပါတယ်။  

ဒါ့အပြင် အောက်တိုဘာလအတွင်း ဝယ်လိုအားပျော့လာတာ၊ ကုန်ကြမ်းရှားပါးမှုနဲ့ ကျွမ်းကျင်လုပ်သား မလုံလောက်မှုကြောင့် ထပ်မံထိုးနှက်ခံခဲ့ရကြောင်း သိရပါတယ်။ 

Purchasing Manager Index (PMI) အညွှန်းအကိန်းဟာ   ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့  စွမ်းဆောင်ရည်ကို တိုင်းတာပြီး ထုတ်လုပ်မှု ကုမ္ပဏီပေါင်း ၄၅၀  ရဲ့ စစ်တမ်းက ကောက်ယူ ထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up