ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်မှုနှင့် နိုင်ငံခြားငွေထောက်ပံ့မှု ရပ်တန့်ရန် ဂျပန်နိုင်ငံသားများ ဆန္ဒပြ

ဂျပန်ပြည်တွင်းမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တာနဲ့ နိုင်ငံခြားကို ဘဏ္ဍာငွေ ထောက်ပံ့ တာ ရပ်တန့်ဖို့ နိုဝင်ဘာ ၄ ရက်က စကော့တလန်နိုင်ငံရဲ့ Clyde မြစ်နားမှာ ပိုကီမွန် ပီကာချူးအသွင် ၀တ်ဆင်ထားတဲ့ ဆန္ဒပြသူတွေက ပြတောင်းဆိုခဲ့ပါတယ်။
ဖူကူရှီးမား ဘေးအန္တရာယ် ကျရောက်ပြီးကတည်းက အကျပ်အတည်းဖြစ်နေတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံရှိတဲ့ ဂျပန်နိုင်ငံဟာ လျှပ်စစ်ဓာတ်အား ကွာဟချက်ကိုဖြည့်ဖို့ ကျောက်မီးသွေးဘက်လှည့်ခဲ့ပြီး ကြီးမားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ် ခုနစ်ရုံကို တည်ဆောက်နေတာပါ။
ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ကျောက်မီးသွေးသုံးစွဲမှုနဲ့ ဘဏ္ဍာငွေကို ၂၀၃၀ ခုနှစ်မှာ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြတာလို့ No Coal Japan Coalition အဖွဲ့မှ တက်ကြွလှုပ်ရှားသူ Ayumi Fukakusa က ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံနဲ့ သူ့ရဲ့ G20 မိတ်ဖက်နိုင်ငံတွေဟာ ဒီနှစ်ကုန်မှာ ကျောက်မီးသွေးအတွက် ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုကို ရပ်တန့်ဖို့ အောက်တိုဘာ ၃၁ ရက်မှာ ကတိပြုခဲ့ပါတယ်။
ဒါပေမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ဖို့သာ ကတိပြုထားပြီး ကျောက်မီးသွေးလျှပ်စစ်ကို တဖြည်းဖြည်းရပ်တန့်သွားဖို့ နေ့ရက်အချိန် မသတ်မှတ်ထားပါဘူး။
ကမ္ဘာတစ်ဝှမ်းလုံးမှ ကိုယ်စားလှယ်တွေဟာ စကော့တလန် ဆိပ်ကမ်းမြို့ Glasgow မှာ တွေ့ဆုံနေကြပြီး စက်မှုခေတ်ကြိုကာလက ၁.၅ ဒီဂရီ ဆဲလ်စီးယက်စ်အထက်မှာ ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းထားနိုင်အောင် ဆက်ကြိုးစားကြဖို့ ဆွေးနွေးနေကြပါတယ်။
၁.၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏဟာ အများဆုံး ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အကျိုးဆက်တွေကို ရှောင်ရှားနိုင်မယ့် ကန့်သတ်ချက်ပမာဏလို့ သိပ္ပံပညာရှင်တွေ ပြောနေကြတာပါ။
၁.၅ ဒီဂရီ ဆဲလ်စီးယပ်စ် ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မီခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု နိုင်ငံရေးရဲ့လက္ခဏာ အများစုရှိတဲ့ ဗလာကတိတွေနဲ့ မလုံလောက်တဲ့ ဆောင်ရွက်ချက်တွေအတွက် လုပ်ဆောင်ဖို့ သံတမန်ပိုင်း အခက်အခဲတွေနဲ့ နိုင်ငံရေး အရှိန်အဟုန် မြှင့်တင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီညီလာခံဟာ နောက်ထပ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်၊ ဘီလီယံနဲ့ချီတဲ့ ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကိုပိတ်ချထားဖို့နဲ့ နိုင်ငံပေါင်း ၂၀၀ နီးပါး လက်မှတ်ရေးထိုးထားတဲ့ တညီတညွတ်တည်း သဘောတူချက်နဲ့ ပါရီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ စည်းမျဉ်းတွေကို လက်စသတ်ဖို့လည်း လိုအပ်နေပါတယ်။