close

အပစ်ရပ်လက်မှတ်ထိုးထားသည့် ကေအန်ယူနှင့် စစ်ကောင်စီတပ် ၁ လအတွင်း တိုက်ပွဲပေါင်း ၂၇၅ ကြိမ်ဖြစ်ပွား

ကေအန်ယူ ထိန်းချုပ်ထားတဲ့ နယ်မြေ ၅ ခုမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၂၇၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအန်ယူ လက်အောက်ခံ  တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ကေအန်ယူ လက်အောက်ခံ တပ်ဖွဲ့တွေ  တိုက်ပွဲပေါင်း၂၇၅ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့တပ်ဘက်က၂၇၁ ယောက် သေဆုံးပြီး၂၆၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊တပ်မဟာ ၁ နယ်မြေအတွင်း တိုက်ပွဲ ၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၉၅ ယောက် သေဆုံးကာ အယောက်  ၈၀ ဒဏ်ရာရရှိခဲ့ပါတယ်။

တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့တပ်ဘက်က အယောက် ၃၀ သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၇ ယောက် သေဆုံးပြီး အယောက်  ၃၀  ဒဏ်ရာရရှိခဲ့ပါတယ်။

ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၉၃ ယောက် သေဆုံးပြီး ၉၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကြာအင်းဆိပ်ကြီး(ဒူးပလာယာ)ခရိုင်၊ တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃၆ ယောက်  သေဆုံးပြီး ၅၁ ယောက်  ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်ဘက်က  တပ်ရင်းမှူး ၁ ယောက် ၊ တပ်ခွဲမှူး ၁ ယောက်၊ ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၂ ယောက်၊ ဗိုလ် ၂ ယောက် အပါအဝင် ၂၇၁ ယောက် သေဆုံးခဲ့သလို  ဒု-တပ်ရင်းမှူး ၁ ယောက်၊ ဒု-ဗိုလ်မှူးကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် ၂၆၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး  တပ်မတော်(KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဘက်က ၂ ယောက် ကျဆုံးပြီး၊ အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလက စတင်ပြီး  စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ အန်စီအေစာချုပ်ကို ချိုးဖောက်ပြီး ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းကို ကျူးကျော်ဝင်ရောက်ကာ  လူ၊ လက်နက် ခဲယမ်း ဖြည့်တင်းပြီး တပ်စခန်းတည်ဆောက်တာ၊ စစ်ရေးလှုပ်ရှားတာတွေ လုပ်လာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up