ပေါ်တူဂီကို အနိုင်ရလျှင် ဆားဘီးယားအသင်း ယူရို ၁ သန်း ဆုကြေးရရှိမည်

ဒီကနေ့ညပိုင်းမှာကစားမယ့် ပေါ်တူဂီနဲ့ ပွဲစဉ်မှာ အနိုင်ကစားနိုင်မယ်ဆိုရင် ယူရို ၁ သန်း ဆုကြေး ပေးမယ်လို့ ဆားဘီးယား ကစားသမားတွေကို လမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဆားဘီးယား အသင်းဟာ လစ္စဘွန်းမှာ ကစားမယ့် ပေါ်တူဂီနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
ပွဲစဉ် ၇ ပွဲစီကစားအပြီးမှာ ပေါ်တူဂီနဲ့ ဆားဘီးယားတို့က ၅ နိုင်ပွဲ ၂ ပွဲသရေရလဒ်နဲ့ ၁၇ မှတ်စီတူညီနေပြီး ပေါ်တူဂီက ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာမှာ ရပ်တည်နေတာပါ။
ဆားဘီးယားအသင်းက အနိုင်ကစားနိုင်မယ်ဆိုရင် ယူရို ၁ သန်း ဆုကြေးချီးမြှင့်မယ်လို့ ဆားဘီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ အစိုးရတို့ကပူ းပေါင်းပြီး မက်လုံးပေးကမ်းလှမ်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဆားဘီးယားအသင်းဟာ နိုဝင်ဘာ ၁၁ ရက်က ကာတာနဲ့ ခြေစမ်းပွဲမှာတော့ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။
စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီကတော့ နိုဝင်ဘာ ၁၂ ရက်ကအိုင်ယာလန်နဲ့ အုပ်စုပွဲမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။