close

ကျိုက်ထို လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ကျိုက်ထို လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟ အပါအဝင် ဒေသခံ ၁၀ ယောက် ထက်မနည်း ဖမ်းဆီခံလိုက်ရတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်တာ၊ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကျိုက်ထိုမြို့ပေါ်က ဒေသခံ လူငယ် ၇ ဦး ထက်မနည်း ဖမ်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ကျိုက်ထိုလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟ အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျိုက်ထိုလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟကိုတော့ ရဟန်းဝတ်နေတဲ့ကြားက လူဝတ်လဲပြီး ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  အန်အယ်လ်ဒီ ပါတီ ထောက်ခံသူတွေနဲ့ ဒေသခံပြည်သူတွေကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးတာနဲ့ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up