close

ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်းချီ အမေရိကန် ပေးပို့မည်

မယ်လ ဒုက္ခသည်စခန်း

ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာဒုက္ခသည်တွေ စုပြုံရောက်ရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ်ကို Johnson & Johnson ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်းနဲ့ချီ ဒီဇင်ဘာလမှာ ပေးပို့ အမေရိကန် အစိုးရက စီစဉ်နေပါတယ်။ 

အမေရိကန်ဟာ ပဋိပက္ခဖြစ်ပွားရာဒေသတွေဆီ ပိုလျှံနေတဲ့ တကြိမ်ထိုး ကာကွယ်ဆေးတွေ တင်ပို့ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီး ပထမဆုံး ပို့မယ့်နေရာတွေကတော့ ဆယ်စုနှစ်များစွာကြာနေပြီး လတ်တလောမှာလည်း ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ လူပေါင်းထောင်ချီခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေက လူတစ်ဦးချင်းစီဆီကို ကိုဗစ်ကာကွယ်ဆေး အရောက်ပို့သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့ပြီး တပတ်အကြာမှာ ခုလို သတင်းထွက်ပေါ်လာတာပါ။ 

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံတကာကာကွယ်ဆေးလှူဒါန်းမှုတွေကို ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေဆီ အရှိန်မြှင့်ပေးပို့ကြဖို့နဲ့ ကမ္ဘာတဝန်း သွားလာရခက်တဲ့ ဒေသတွေဆီ ကာကွယ်ဆေးတွေ ပို့ဆောင်ရာမှာ လွယ်ကူချောမွေ့စေဖို့  နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က  တခြားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ် တိုက်တွန်းခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအရင်းအမြစ်တွေကို WHO က ဦးစီးလုပ်ဆောင်နေတဲ့  နိုင်ငံတကာစနစ်ဖြစ်တဲ့ COVAX  အစီအစဉ်ကနေတဆင့် ဆေးဝါးဖြန့်ဝေမှုကို စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်ကို ကာကွယ်ဆေးပမာဏ ဘယ်လောက်ပေးပို့မယ်၊ ဘယ်အဖွဲ့ အစည်းတွေက မြေပြင်မှာဖြန့်ဝေကူညီမယ် ဆိုတာတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up