close

တနိုင်းမြို့ အထက (၁)တွင် ဆရာမနှင့် ကျောင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်ရောက်နေတဲ့ ဆရာမနဲ့ ကျောင်းသားတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရလို့ ရောဂါ ကူးစက်ခံရသူတွေကို နေအိမ်မှ ကွာရန်တင်းထားထားတယ်လို့ သိရပါတယ်။

အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းက ဆရာမ တယောက်နဲ့  ကျောင်းသား ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

အဆိုပါကျောင်းက ပညာရေးဝန်ထမ်း ၁ ဦးက “၁၉ရက်နေ့က ကိုဗစ် ပိုးစစ်တယ်။ အလယ်တန်းပြဆရာမတယောက်ရယ်၊ သတ္တမတန်း ကျောင်းသူတယောက်နဲ့  နဝမတန်းကျောင်းသားတယောက်မှာ ကိုဗစ်-၁၉ ပိုး တွေ့တယ်။ ပိုးတွေ့ထားတဲ့ သူတွေကို Home quarantine ထားပေးတယ်" လို့ ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ နိုဝင်ဘာ ၂၂ရက် ကျောင်းတက်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေက  ဆေးစစ်ဆေးပေးနေပြီး ရောဂါပိုးတွေ့ရှိမှုအခြေအနေကိုတော့  တိတိကျကျ မသိရသေးပါဘူး။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၇၀၀၀ ကျော်ရှိပြီး ဒီအထဲကမှ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ဟာ  ကိုဗစ် ကာကွယ်ဆေး ထိုးထားပြီးကြောင်းသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up