အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အစ္စတန်ဘူလ်မြို့တွင် ဆန္ဒပြ

အစ္စတန်ဘူလ်မြို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေက တောင်းဆိုဆန္ဒပြနေကြပါတယ်။
တူရကီမှာ လိင်ဖြစ်တည်မှုအပေါ် အခြေပြုတဲ့ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့ နိုဝင်ဘာ ၂၅ ရက်က အမျိုးသမီးတွေဟာ ပိုစတာတွေ ကိုင်ရင်း ကြွေးကြော်ဆန္ဒပြကြချိန်မှာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ငရုတ်ရည်တွေနဲ့ပက်ပြီး လူစုခွဲခဲ့ပါတယ်။
တူရကီဟာ ဇူလိုင်လတုန်းက အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
ဒီလုပ်ရပ်အတွက် တူရကီအစိုးရကို အနောက်ဘက် မဟာမိတ်နိုင်ငံတွေက ဝေဖန်တာနဲ့ ကြုံခဲ့ရပါတယ်။
တူရကီသမ္မတ တေရစ်အာဒိုဂံကတော့ အမျိုးသမီးအခွင့်အရေးကို ကာကွယ်သွားဖို့အတွက် ပြည်တွင်းဥပဒေတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။