close

ကန်ပက်လက်မြို့တွင် တိုက်ပွဲထပ်မံဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF ဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့ အထကမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကန်ပက်လက် CDF က ဒီကနေ့မနက် ၈ နာရီခွဲလောက်က ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ပေမယ့်လည်း ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ကန်ပက်လက်မြို့ အထကမှာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းမှာလည်း ကန်ပက်လက် CDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၁ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၁ ယောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up