close

ထိုင်ဝမ်ပို့မည့် ကန်ဒေါ်လာ ၈၈ သန်းတန် မက်သာအဖက်တမင်းဆေးပြားများ ထိုင်းသိမ်းဆည်းရမိ

ထိုင်ဝမ်ကို ပို့မယ့် အမေရိကန်ဒေါ်လာ ၈၈ သန်းတန်ဖိုးရှိ မက်သာ အဖက်တမင်း ခရစ္စတယ် ဆေးပြား ၈၉၇ ကီလိုဂရမ်ကို ထိုင်းအကောက်ခွန်ဌာနက သိမ်းဆည်းရမိတယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။ 

ဒီဆေးတွေကို သင်္ဘောနဲ့ တင်ပို့မယ့်အကြောင်း သတင်းရတာကြောင့် သိမ်းဆည်းမိတာဖြစ်ပြီး အရွယ်အစား မတူညီတဲ့ စီလီကွန်ပြား ၁၆၁ ချက်ပါတဲ့ အညိုရောင် သေတ္တာ ၂၄ လုံးကို စက်အလင်းတန်းရှေ့မှာ ဖြတ်သန်းပြီး စကန်ဖတ်ကြည့်ရာက သံသယဖြစ်စရာ ကောင်းတဲ့ ပစ္စည်းတွေ ပါနေတာ ဒီဇင်ဘာ ၃ ရက်ညနေက တွေ့ခဲ့ကြပါတယ်။ 

ဒါ့အပြင် အထပ်တွေက ဆီလီကွန်ပစ္စည်းတွေ ဖြစ်ပေမဲ့ အထဲမှာ မက်သာအဖက်တမင်းတွေ ပြည့်နေပြီး သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကာ စုံစမ်းစစ်ဆေးမှုကို တိုးချဲ့ လုပ်ဆောင်နေတယ်လို့ ထိုင်းအကောက်ခွန်ဌာနညွှန်ချုပ် ပတ်ချရာ အာနန်တာစီလ်ပါက မီဒီယာကို ပြောပါတယ်။

ဒီကုန်ထုပ်တွေရဲ့ အရင်းအမြစ်ကို မသိရသေးဘဲ ထိုင်းနဲ့ ထိုင်ဝမ် အာဏာပိုင်တွေအတူ ပူးပေါင်း စုံစမ်းစစ်ဆေးနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up