close

Davis Cup တင်းနစ် ဗိုလ်လုပွဲတွင် ရုရှားနှင့် ခရိုအေးရှားတွေ့ဆုံ

စနေနေ့က ယှဉ်ပြိုင်ကစားသွားတဲ့ Davis Cup တင်းနစ်ပြိုင်ပွဲမှာ ရုရှားအသင်းက ဂျာမနီ အသင်းကို အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

Daniil Medvedev နဲ့ Andrey Rublev တို့အတွဲက ဂျာမနီအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားကာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ခရိုအေးရှားအသင်းဟာ သောကြာနေ့တုန်းက ဆာဗီးယားက နာမည်ကျော် Novak Djokovic ခေါင်းဆောင်တဲ့ အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်လာကြောင့် စိတ်ဓာတ်ပိုင်းအရ အသာစီးရနေပြီး ရုရှားအသင်းအတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရဖွယ် ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up