close

နိုင်ငံရေးဝါဒဖြန့်ရန် ဒုက္ခသည်များကို အသုံးချသည့်လုပ်ရပ် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

နိုင်ငံရေးဝါဒဖြန့်ဖို့ ဒုက္ခသည်တွေကို အသုံးချတဲ့လုပ်ရပ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီဇင်ဘာ ၅ ရက်က ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဒုက္ခသည်စခန်းကို ဒုတိယအကြိမ် လာရောက်လည်ပတ်ချိန်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီကျွန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဥရောပကို ဝင်ရောက်ရာ အဓိကဝင်ပေါက်ဖြစ်ပြီး ဒုက္ခသည်အရေးကိစ္စရဲ့ သင်္ကေတ ဖြစ်လာနေပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၆ ခုနှစ်ကလည်း ဒီကျွန်းပေါ်ကို ပထမဆုံးအကြိမ် လာရောက်ဖူးပြီး ဆီးရီးယားဒုက္ခသည် ၁၂ ယောက်ကို သူနဲ့အတူ အီတလီကို ခေါ်သွားခဲ့ဖူးပါတယ်။

အခုတကြိမ်မှာတော့ ဒုက္ခသည် အယောက် ၂၃၀၀ ကို ထားရှိတဲ့ မာဗရိုဗိုနီစခန်းက ဒုက္ခသည်တွေကို တွေ့ဖို့ ဂရိနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေဆီ ၅ ရက်တာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်လာတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ စခန်းထဲမှာ ကွန်ဂိုဒုက္ခသည် မိသားစုရဲ့ ပြောစကားတွေကို နားထောင် ပေးခဲ့ပါတယ်။

ဥရောပ ခေါင်းဆောင်တချို့က ဘုံရန်ပုံငွေတွေကိုသုံးပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ထားဖို့ ဘလိတ်ဓား ဆူးကြိုးတွေနဲ့ တံတိုင်းဆောက်ချင်နေတာ ကြားရတာ စိတ်ဆင်းရဲတယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကဒေသတွေက ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် ဂရိဟာ ဥရောပသမဂ္ဂဆီကို အဓိကဝင်ပေါက် ဖြစ်နေတာ ကြာနေပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up