close

NUG ပညာရေးအစီအစဉ် မင်္ဂလာဒုံမြို့နယ်၌ စတင်အကောင်အထည်ဖော်‌မည်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့  စဉ်ဆက်မပြတ် ပညာသင်ကြားရေး အတွက် နေအိမ်အခြေပြု ပညာသင်ယူရေးအစီအစဉ်ကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ပညာရေး ဘုတ်အဖွဲ့မှ မင်္ဂလာဒုံနယ်မြေအတွင်း စတင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

ကနဦးအစမှာတော့   Grade-10 (စနစ်သစ်) နဲ့  Grade - 11 (တက္ကသိုလ်ဝင်တန်း) တို့ကို သင်ကြားရေးအတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေက  ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။

သင်တန်းများကို ဒီဇင်ဘာ ၁၆ ရက်နေ့စတင်မှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ gmail ပို့နိုင်သလို google form ကနေလည်း  စာရင်းပေးသွင်းနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up