တချိန်တွင် ဂျရတ် လီဗာပူးနည်းပြ ဖြစ်လာမည်ဟု ယာဂန်ကလော့ပ်သုံးသပ်

လီဗာပူးဂန္ထဝင်ကွင်းလယ်လူ ဂျရတ်ဟာ တချိန်မှာ လီဗာပူးနည်းပြ သေချောပေါက်ဖြစ်လာ လိမ့်မယ်လို့ လက်ရှိလီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ဟာ လက်ရှိအချိန်မှာ အက်စ်တွန်ဗီလာအသင်းကို နည်းပြချုပ်အနေနဲ့ ကိုင်တွယ်နေပြီး ဒီကနေ့ညမှာ အန်ဖီးလ်ကို ပြိုင်ဘက်နည်းပြအနေနဲ့ သွားရောက်ရင်ဆိုင်ရမှာပါ။
ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ ဂျရတ်ဟာ လီဗာပူးနည်းပြ သေချာပေါက်ဖြစ်လာမှာ ဖြစ်ပြီး မှန်ကန်တဲ့အချိန်ဖြစ်ဖို့တော့ လိုအပ်တယ်လို့ ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
“စတီဗင်က လီဗာပူး နည်းပြဖြစ်လာမယ်ဆိုတာ ရှင်းပါတယ်။ တစ်ခုတည်းသော ပြဿနာက ဘယ်ချိန်မှာ သူ့အတွက်အမှန်ကန်ဆုံးဖြစ်မလဲဆိုတာပါပဲ။ ဖရန့်လမ်းပတ်ကို ချဲလ်ဆီးမှာ ဘယ်လိုဖြစ်သွားသလဲဆိုတာ ကျနော်တို့မြင်ရပြီးပါပြီ။ ဂျရတ်အတွက် ဘယ်အချိန်ကသင့်တော်မလဲ၊ ဘယ်လောက်ကြာအထိ လုပ်ချင်လဲဆိုတာတွေက ကျနော်ဖြေလို့ မရတဲ့ မေးခွန်းတွေပါ” လို့ ကလော့ပ်က ပြောပါတယ်။
ဂျရတ်ဟာ စကော့တလန်ကလပ်ရိန်းဂျားအသင်းမှာ နည်းပြချုပ်အနေနဲ့စတင်ခဲ့ပြီးနောက် အက်စ်တွန်ဗီလာကို ပြောင်းရွှေ့လာခဲ့ တာဖြစ်ပါတယ်။