အီတလီတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် အဆောက်အအုံပြိုကျ၊ ၂ ဦး သေဆုံးပြီး ၈ ဦးပျောက်ဆုံး

4.2K
ဂရိခေတ်ဘုရားကျောင်းတွေနဲ့ နာမည်ကျော်တဲ့ အီတလီနိုင်ငံ စစ္စလီမြို့မှာ ဒီဇင်ဘာ ၁၁ ရက် ညနေက ဓာတ်ငွေ့ပေါက်ကွဲပြီး ၄ ထပ်အဆောက်အအုံတခု ပြိုကျကာ အပိုင်းအစတွေအောက်မှာ လူ ၂ ယောက် ပိမိပြီး သေဆုံးသွားပါတယ်။
ဓာတ်ငွေ့ပေါက်ကွဲပြီး အဆောက်အအုံပြိုကျမှုကြောင့် လူ ၈ ဦး ပျောက်ဆုံးနေပြီး တခြား အဆောက်အအုံတွေလည်း ပျက်စီးသွားပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲထုတ်ယူပြီး ပျောက်ဆုံးနေသူတွေကို ဆက်ရှာနေတယ်လို့ မီးသတ်အဖွဲ့က ပြောပါတယ်။