close

ကချင်ပြည်နယ်အတွင်း အထိန်းအကွပ်မရှိ ရွှေတူးဖော်နေ (ဓာတ်ပုံ)

သဘာဝသယံဇာတတွေ ပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ နေ့စဥ်နေ့တိုင်း တွင်းထွက်သယံဇာတတွေကို ပုံစံမျိုးစုံနဲ့ တူးဖော်နေကြရာမှာ အခုအချိန်တော့  ရွှေတူးဖော်မှုတွေကို ပြည်နယ် နေရာအနှံ့မှာ အထိန်းအကွပ်မရှိ တူးဖော်နေကြတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်တွေနဲ့ပတ်လို့  တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ သူတွေလည်း မရှိတာကြောင့် အာဏာပိုင်တွေနဲ့ နီးစပ်ရာလုပ်ငန်းရှင်တွေ အပြိုင် လုပ်ကိုင်နေကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

တရားမဝင် စည်းစနစ်မကျ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ စိုက်ပျိုးလယ်ယာမြေတွေ ပျက်စီးတာ၊ သဘာဝ ချောင်းရေ၊ မြစ်ရေ ညစ်ညမ်းတာတွေကို ပြည်သူတွေက ရင်ဆိုင်နေရပါတယ်။ 

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျားခံရာ မေခနဲ့မလိခ ပေါင်းဆုံရာ မြစ်ဆုံဒေသတွေမှာ စက်ယန္တရားကြီးတွေ တူးဖော်နေကြပြီး မြစ်ဆုံအထက်ပိုင်းနဲ့ မြစ်ဆုံအောက်ပိုင်း မြစ်ကြောင်းတလျှောက်မှာလည်း ‌ရွှေတူးဖော်မှုတွေကို တနိုင်တပိုင် လက်လုပ်တူးဖော်မှုတွေကနေ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။ 

ကချင်ပြည်နယ်က ဒေသခံပြည်သူတွေကတော့ မြစ်ဆုံဒေသ‌ ရွှေတူးဖော်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ တရားမဝင် စည်းကမ်းမဲ့ရွှေတူးဖော်မှုတွေကို ပုံစံမျိုးစုံနဲ့ ကန့်ကွက်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up