ပင်လယ်နက်ထဲ ဝင်လာသည့် ပြင်သစ်ရေတပ်စစ်သင်္ဘောကို ရုရှားရေတပ် ခြေရာခံလိုက်

ပြင်သစ်ရေတပ်က ဖရီးဂိတ် စစ်သင်္ဘောတစီးဟာ ဘော့စ်ဖှိုးရပ်စ် ရေလက်ကြားကနေ ပင်လယ်နက်ထဲကို ဝင်လာခဲ့တာကြောင့် ရုရှားရဲ့ ပင်လယ်နက် ရေတပ်သင်္ဘောစုက ခြေရာခံလိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကိုကိုးကားပြီး ရုရှားအခြေစိုက် အင်တာဖက်စ်သတင်းမှာ ဖော်ပြပါတယ်။
ပြင်သစ် စစ်သင်္ဘော The Auvergneက ဘော့စ်ဖှိုးရပ်စ် ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်နက်ထဲကို သွားနေတာကိုလည်း ဒီဇင်ဘာ ၁၃ ရက်မှာ တွေ့ရပါတယ်။
ယူကရိန်းနိုင်ငံနားမှာ ရုရှားစစ်တပ် အင်အားတိုးချဲ့နေတဲ့အပေါ် အမေရိကန်နဲ့ အနောက်ဥရောပ အစိုးရတွေက စိုးရိမ်ကြောင်း ပြောခဲ့ပြီး အရှေ့နဲ့ အနောက် ဥရောပအကြား တင်းမာမှု မြင့်တက်နေပါတယ်။