ယူကရိန်းကို ရုရှားကျူးကျော်မှု စီးပွားရေးပိတ်ဆို့သင့်ဟု လစ်သူယေးနီးယားပြော

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်လာမှုကို တားဆီးဖို့ ဥရောပသမဂ္ဂအနေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်ရမှာဖြစ်ပြီး ရန်လိုတဲ့ ရုရှားအပြုအမူကို တားဆီးဖို့ စီးပွားရေးပိတ်ဆို့မှုတွေကို အသုံးပြုသင့်တယ်လို့ လစ်သူယေးနီးယား သမ္မတ Gitanas Nauseda က ဒီနေ့ ပြောကြားလိုက်ပါတယ်။
“ကံမကောင်းစွာနဲ့ မဖယ်ထုတ်နိုင်တဲ့ အဆိုးဆုံး အဖြစ်အပျက်ကို တားဆီးဖို့ ယူကရိန်းပိုင်နက်ထဲကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို တားဆီးဖို့ အရာအားလုံးကို လုပ်ဆောင်ရမှာပါ” လို့ သမ္မတ Gitanas Nauseda က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ရုရှားက ဘီလာရုစ်နယ်မြေကို အသုံးချပြီး တခြားနိုင်ငံကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို နေတိုး အဖွဲ့အနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့ အရေးပေါ်အစီအမံတွေ ကာကွယ်ရေးဗျူဟာတွေကို ပြန်မွမ်းမံထားသင့်တယ်လို့လည်း ပြောသွားပါတယ်။