close

မင်းဘူးတွင် မကသ အဖွဲ့ဝင် ၄ ဦးအပါအဝင် ၁၂ ဦးခန့် ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး မင်းဘူး-စကု မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက အခြေခံပညာ ကျောင်းသားသမဂ္ဂ နဲ့ မြို့နယ်ကျောင်သားသမဂ္ဂ ၄ ယောက်အပါဝင် ပြည်သူ ၁၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့နယ်ကျောင်းသားသမဂ္ဂဆီက သိရပါတယ်။

မင်းဘူးမြို့နယ် အကသ ဥက္ကဋ္ဌ ကိုသူရသက်ဖုန်းရှိန်၊ အလုပ်အမှုဆောင် ကိုသူရဟိန်း၊ မြိုနယ့်ကျောင်းသားသမဂ္ဂ(မကသ)ရဲ့ အတွင်းရေးမှူး ကိုပိုင်ခွန်းသာနဲ့ အလုပ်အမှုဆောင် ကိုစိုးမိုးနိုင်တို့ကို မနေ့မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတာလို့ မကသ ဥက္ကဋ္ဌ ကိုငြိမ်းမောင်က ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်လှုပ်ရှားတဲ့ ဒေသခံပြည်သူ ၈ ယောက်လောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးဟာ တော်လှန်ရေးသပိတ်တွေမှာ ဦးဆောင်ပါဝင်နေကြတဲ့ ၁၀ တန်းကျောင်းသားတွေဖြစ်ပြီး လက်နက်ကိုင်လှုပ်ရှားတဲ့သူတွေမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ မင်းဘူးမြို့က ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ငြိမ်နေလို့ ရေသားခိုပြီးလိုက်နေလို့ မရဘူးဗျ။ သူများမြို့တွေမှာဆိုရင် လူထုသပိတ်၊ အမျိုးသမီးသပိတ်၊ ကျောင်းသားသပိတ်၊ ပြောက်ကျား သပိတ်တွေပြုလုပ်ကြတယ်။ ခုက လူထုပူးပေါင်းမှုအားနည်းပြီး ကျောင်းသားတွေပဲ ဦးဆောင်လုပ်နေတာဆိုတော့ စတေးခံရတာပေါ့။” 

မင်းဘူးမြို့နယ် အကသနဲ့ မကသ အဖွဲ့တွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးအတွက် သပိတ်တိုက်ပွဲတွေကို နည်းပေါင်းစုံနဲ့ ပြုလုပ်သွားမှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up