ကိုဗစ်ကူးစက်မှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကို ထပ်မံရွှေ့ဆိုင်း

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုတွေ များလာတာကြောင့် ဒီတစ်ပတ်မှာ ကစားကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကိုလည်း ထပ်မံရွှေ့ဆိုင်းလိုက်ရပါတယ်။
ညနေ ၇ နာရီ ပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ ဘရိုက်တန်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် နောက်ထပ် ပွဲစဉ် ၄ ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ပရီးမီးယားလိဂ်က ဆုံးဖြတ်ခဲ့တာပါ။
ထပ်မံရွှေ့ဆိုင်းတဲ့ပွဲစဉ်တွေက ဆောက်သမ်တန်နဲ့ ဘရိုက်တန်ပွဲစဉ်၊ ဝက်ဖို့ဒ်နဲ့ ခရစ္စတယ်ပဲလေ့ပွဲစဉ်၊ ဝက်စ်ဟမ်းနဲ့ နောဝှစ်ချ်ပွဲစဉ်၊ အဲဗာတန်နဲ့ လက်စတာပွဲစဉ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေ့ဆိုင်းခဲ့တဲ့ ဘရိုက်တန်နဲ့ စပါးပွဲစဉ်ကနေစတင်ပြီး တစ်ပတ်အတွင်းမှာ စုစုပေါင်း ၉ ပွဲအထိ ပွဲရွှေ့ဆိုင်းခဲ့ရတာပါ။
မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာတော့ ချဲလ်ဆီးအသင်းမှာ လူကာကူ၊ အိုဒွိုင်း၊ ဝါနာတို့ ကိုဗစ်ပိုးတွေ့ရှိခဲ့ပေမဲ့ အဲဗာတန်နဲ့ပွဲကို ဆက်ကစားခဲ့ပါတယ်။
အလားတူ လီဗာပူးအသင်းမှာလည်း ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပေမဲ့ နယူးကာဆယ်နဲ့ပွဲစဉ်ကို ဆက်ကစားခဲ့တာဖြစ်ပါတယ်။
အသင်းအများစုကတော့ ပရီးမီးယားလိဂ်ကို ခေတ္တရပ်နားထားပြီး လာမယ့် ဇန်နဝါရီ ၈ ရက်မှ ပြန်လည်စတင်ဖို့ အဆိုပြုထားကြတယ်လို့ သိရပါတယ်။