close

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြိုင်မြို့နယ် ငါးမြောင်းရွာနေပြည်သူ ၁၀၀၀ ကျော် အကူညီလိုအပ်

စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ငါးမြောင်းကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ​မြိုင်မြို့နယ် ငါးမြောင်းကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်မှာ စစ်တပ်အင်အား ၉၂ ယောက်လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၃၀ လောက် မီးလောင်ပြီးတော့ အိမ်ခြေ ၂၀ လောက် ပြာကျသွားတယ်လို့ ငါးမြောင်းကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ငါးမြောင်းရွာမှာ အိမ်ခြေ ၂၁၅ အိမ် ရှိပြီးတော့ အဲဒီ မီးရှို့ ခံရတဲ့နေ့ကစလို့ ရွာသားတွေဟာ ဘေးလွတ်ရာ တောထဲမှာ မိုးကာတဲ ထိုးပြီးနေထိုင်ကြရကာ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အဝတ်အထည် အကူညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က ရွာနဲ့ ၂ မိုင်လောက်အကွာမှာ တပ်စွဲထားတာကြောင့် ရွာမှာမနေရဲကြသလို စစ်ကြောင်းထိုးနေတာကြောင့် အနီးပတ်ဝန်းကျင်  ကျေးရွာ ၁၀ ရွာလောက်က ပြည်သူတွေဟာလည်း ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ငါးမြောင်းကျေးရွာက ဒေသခံပြည်သူတွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဆက်သွယ်လှူဒါန်းမယ်ဆိုရင် မြိုင်PDF ရဲ့ Facebook Page ဖြစ်တဲ့ (Myaing People's Defence Team) Messenger ကနေတဆင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up