အီတလီတွင် ကရိန်းပြုတ်ကျသဖြင့် ၃ ဦးသေဆုံး

4
အီတလီအနောက်ဘက် တူရင်မြို့မှာ လမ်းမတခုအပေါ်မှာရှိတဲ့ ကရိန်းဝန်ချီစက်တခု ပြုတ်ကျပြီး လူ သုံးယောက် သေဆုံးသွားပါတယ်။
စနေနေ့မနက်မှာ ဖြစ်ပွားခဲ့ပြီး ကရိန်းပေါ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား သုံးယောက် သေဆုံးသွားပါတယ်။
ရပ်ကြည့်နေသူ သုံးယောက်က ကံကောင်းစွာနဲ့ ဘေးလွတ်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ပဲ ရရှိပါတယ်။
ကြီးမားတဲ့ အပြာရောင်ကရိန်းဟာ ခြောက်ထပ်အဆောက်အအုံ နှစ်ခုကြားက လမ်းကြားထဲ ပြုတ်ကျခဲ့တာဖြစ်ပြီး စုံစမ်းစေဆေးမှုတွေ လုပ်နေဆဲပါ။