မုံရွာမြို့တွင် နေအိမ်တစ်လုံး မီးလောင်၊ ၁ ဦး သေဆုံး






စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကွေ့ကြီးရပ်၊သာယာလမ်းမှာ ဒီဇင်ဘာ ၁၉ ရက် မနက် ၅ နာရီလောက် ထမင်းအိုး တည်ထားရာမှ ဝါယာရှော့ဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့တာကြောင့် လူ တစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မနက်အစောကြီး မီးစလောင်တာ။ လေငြိမ်နေလို့ တော်သေးတယ်။ ဒါမို့ဆိုရင်မလွယ်ဘူး။ တစ်ရပ်ကွက်လုံး ပြာဖြစ်သွားနိုင်တယ်။ မီးသတ်ကလည်း အရောက်မြန်လို့လည်း ပါတယ်” လို့ မီးလောင်ရာနေရာအနီး ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် လူနေတစ်ထပ်တိုက်တစ်လုံး ဆုံးရှုံးပြီး အသက် ၄၅ နှစ်အရွယ် လေဖြတ်နေသူ အမျိုးသား တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။