close

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချ

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုအတွက်  ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့  မုံရွာအကျဉ်းထောင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ 

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို သူတာဝန်ယူစဉ်က စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ လည်း စစ်ကောင်စီက အမှုဖွင့်လှစ်ထားပါတယ်။

အလားတူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up