ဝုဗ်အသင်းသားများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသဖြင့် အာဆင်နယ်နှင့် ပွဲစဉ်ကို ရွှေ့ဆိုင်း

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာတာကြောင့် ဒီဇင်ဘာ၂၈ ရက်မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝုဗ်အသင်းဟာ ပြီးခဲတဲ့ ဒီဇင်ဘာ ၂၆ ရက်မှာကစားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲစဉ်ကိုလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဝုဗ်အသင်းဟာ ပွဲကစားဖို့အတွက် ကစားသမားလုံလောက်မှုမရှိတဲ့အခြေအနေဖြစ်ပြီး ပွဲရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့တာပါ။
စည်းမျဉ်းအရ အသင်းတစ်သင်းမှာ ပွဲကစားနိုင်တဲ့ ကစားသမား ၁၃ ဦးနဲ့ ဂိုးသမား တစ်ဦးရှိမယ်ဆိုရင် ပွဲစားရမှာဖြစ်ပြီး ကိုဗစ်ကူးစက်မှုတွေနဲ့ ဒဏ်ရာအခြေအနေတွေကြောင့် အဲဒီ အရေအတွက်မပြည့်တာကြောင့် ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာလည်း ကိုဗစ်ပိုးတွေ့ရှိသူ ၃ ဦးရှိခဲ့ပေမဲ့ နောဝှစ်ချ်နဲ့ ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၅ ဂိုး ဂိုးမရှိနဲ့နိုင်ပွဲရခဲ့ပါတယ်။
အာဆင်နယ်ပွဲနဲ့ တစ်နေ့တည်း ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ အက်စတွန်ဗီလာပွဲကိုလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ရွှေ့ဆိုင်းထားပါတယ်။