close

အမရပူရမြို့နယ် လဝကရုံး လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အမရပူရမြိုနယ်၊ မှန်တန်းရပ်ကွက်ရှိ မြို့နယ် လဝကရုံး ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်လောက် လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

အမရပူရမြို့နယ် လဝကရုံးကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်စီးပြီး လက်လုပ်မိုင်းနဲ့ ပစ်ခဲ့တာကြောင့် ရုံးဝင်အတွင်းမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦ အနည်းငယ်ထိခိုက်သွားပေမယ့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ အမရပူရမြို့ခံတချို့က ပြောပါတယ်။

ဒီဇင်ဘာလေ၂၇ ရက်နေ့ကလည်း မန္တလေးခရိုင်တရားရုံး ဒုတိယထပ်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့ရာ အဆောက်အဦ ပျက်စီးပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up