ကနေဒါတွင် အအေးလွန်ကဲ ရာသီဥတု သတိပေးချက် ထုတ်ပြန်

ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ အာတိတ်ဒေသက လေအေးစီးကြောင်းတွေ လွှမ်းခြုံထားလို့ အပူချိန်ဟာ ရေခဲမှတ်အောက် အနုတ် ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိနေတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
အယ်လ်ဘာတာပြည်နယ်တခုလုံး၊ ဗြိတိသျှကိုလံဘီယာနဲ့ ဆာစကတ်ချီဝမ်ပြည်နယ်တွေရဲ့ နေရာအများစုမှာ အစွန်းရောက်အောင် အေးတဲ့ ရာသီဥတုသတိပေးချက် ထုတ်ပြန်ထားရတယ်လို့ ကနေဒါ သဘာဝပတ်ဝန်းကျင်အဖွဲ့က ပြောပါတယ်။
အအေးဒဏ်ဟာ လာမယ့် သီတင်းပတ်အထိ ဆက်ရှိနေမယ်လို့ ယူထဆထားပြီး ရာသီဥတု အေးလွန်းလို့ အဒ်မွန်တွန်မြို့က နှင်းလျှောစီး ဆင်ခြေလျှောတွေမှာ လုပ်ငန်းရပ်နေပါတယ်။
ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်ကူးဗားမြို့မှာတော့ မိသားစုတွေ နှင်းကျချိန် နှင်းလျှောစီး ထွက်ကြပါတယ်။