မန်စီးတီးနှင့်ပွဲတွင် အာဆင်နယ်ကို ပင်နယ်တီမပေးခဲ့သည့်အပေါ် ဖာဒီနန် ဝေဖန်

မန်စီးတီးကို အာဆင်နယ်က ၂ ဂိုး ၁ ဂိုး နဲ့ ရူံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ဘက်ကိုပင်နယ် တီမပေးခဲ့ တဲ့အပေါ် ဖာဒီနန်ကဝေဖန်သွားပါတယ်။
ဖာဒီနန်ဟာ အဲဒီပွဲစဉ်ကို မန်စီးတီး နောက်ခံလူဟောင်း လက်စ်ကော့နဲ့အတူ BT Sportရုပ်သံမှာ သုံးသပ်တင်ဆက်ခဲ့တာပါ။
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကို မန်စီးတီးဂိုးသမား အီဒါဆန်က ပင်နယ်တီဧရိယာထဲမှာ လျှောထိုးဖျက်ထုတ်ခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ပင်နယ်တီပေးရမယ့်အခြေအနေဖြစ်တယ်လို့ ဖာဒီနန်က ပြောပါတယ်။
“ဒီဖြစ်ရပ်အပေါ် ဘာကြောင့်ပင်နယ်တီမပေးခဲ့သလဲဆိုတာ နားမလည်နိုင်ဘူး။ ဒါက လုံးဝပင်နယ်တီ ဆိုတာရှင်းပါတယ်။ မန်စီးတီးရတဲ့ပင်နယ်တီအတွက်တော့ ကွင်းဘေးက တီဗီဆီ ပြန်ကြည့်ပြီး အာဆင်နယ်ရနိုင်တဲ့ပင်နယ်တီကိုကျတော့ ကွင်းဘေးကတီဗီမှာ ပြန်မကြည့်တဲ့ ဆုံးဖြတ်ချက်က ရူပ်ထွေး စရာပါပဲ” လို့ ဖာဒီနန်ကဝေဖန်ပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်း လက်စကော့ကလည်း ဖာဒီနန်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး စိတ်ပျက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
မန်စီးတီးဟာ ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီး ပင်နယ်တီတစ်ကြိမ်လည်းရရှိခဲ့ကာ နာကျင်အချိန်ပိုမှာ ကွင်းလယ်လူရိုဒရီက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။