close

ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး  လီယိုနယ်မက်ဆီဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ နေရတယ်လို့ အသင်းတာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

မက်ဆီနဲ့ အတူ ကစားဖော် ပီအက်စ်ဂျီအသင်းသား  ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာပြီး သူတို့  ၄ ယောက်စလုံးကို သီးသန့်စီ ခွဲနေခိုင်းထားတယ်လို့လည်းဆိုပါတယ်။

လတ်တလော မက်ဆီဟာ  ဆောင်းရာသီအားလပ်ရက် အာဂျင်တီးနားနိုင်ငံမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ရောဂါစစ်ဆေးလို့ မပျောက်မချင်း ခရီးထွက်မှာ မဟုတ်ဘူးလို့လည်း ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ 

မက်ဆီကတော့ အနာဂတ်မှာ အမေရိကန်မေဂျာလိဂ်ဆီကို ပြောင်းရွှေ့ကစားနိုင်တယ်လို့  ပြောထားပါတယ်။ 

ကစားသမားဘဝကနေ အနားမယူခင်ကာလ မေဂျာလိဂ်မှာ ဘယ်လိုအတွေ့အကြုံ၊ အဆင့်အတန်းမျိုးရှိသလဲဆိုတာ လေ့လာချင်သေးပြီး အပြောင်းရွှေ့ဖြစ်မလားဆိုတာကတော့ မသိနိုင်ကြောင်း မက်ဆီက Mirror သတင်းစာကို ပြောပါတယ်။ 

“ကျနော့်ကစားသမားဘဝနောက်ပိုင်းကာလမှာ ပြောင်းရွှေ့ကစားချင်တယ်။ ဒါပေမဲ့ ဒါက ဖြစ်လာမလား၊ မလာဘူးလားဆိုတာကတော့ ကျနော်လည်း မသိပါဘူး” လို့ မက်ဆီကပြောပါတယ်။ 

မက်ဆီဟာ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်း၊ မန်စီးတီးအသင်းနဲ့ မွေးရပ်မြေကလပ် နယူးဝဲလ်အိုးဘွိုင်းအသင်းတွေဆီ ပြောင်းရွှေ့ကစားနိုင်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up