close

ရွေးကောက်ပွဲ အနိုင်ရဟောင်ကောင် လွှတ်တော်အမတ် ၉၀ ကျမ်းသစ္စာကျိန်ဆို

ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူများ ပါဝင်ခွင့်မရှိဘဲ မျိုးချစ်စိတ်ရှိသူများသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲကနေ အနိုင်ရရှိခဲ့တဲ့ လွှတ်‌တော်အမတ် ၉၀ ဟာ မနေ့က အုပ်ချုပ်ရေးမှုး ကာရီလမ်ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပတဲ့ လွှတ်တော်အဆောက်အအုံမှာ အရင်က ထားရှိတဲ့ ဟောင်ကောင် မြို့တော်ရဲ့ အစဉ်အလာ အဆောင်အယောင် အထိမ်းအမှတ်တွေကို ဖယ်ရှားပစ်ပြီး၊ တရုတ်နိုင်ငံရဲ့ အမျိုးသားအလံနဲ့ တရုတ်ပြည်မ သင်္ကေတတွေအောက်မှာ မျိုးချစ်အမတ်သစ်တွေ သစ္စာ ဆိုခဲ့ရပါတယ်။

မန်ဒရင်းဘာသာစကားပြောတဲ့ လွှတ်တော်အမတ်သုံးဦးက လွဲပြီး အများစုက ကန်တုံဘာသာ စကားနဲ့ ကျမ်းကျိန်ပါတယ်။ တော်မီချောင်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ကျမ်း ကျိန်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲစနစ်ကို လုံးဝအောက်ခြေသိမ်း ပြောင်းလဲပစ်ပြီး၊ လူထုတိုက်ရိုက်ရွေးချယ်တဲ့ ကိုယ်စားလှယ်အရေအတွက်ကို လျှော့ချဖို့ ၂၀၂၁ နှစ်စပိုင်းမှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက် ဒီမိုကရေစီလိုလားသူတွေ ရွေးကောက်ပွဲ ပါဝင်ခွင့်မရ၊ တချို့ ဟောင်ကောင်ကနေ ထွက်ပြေးခဲ့ပြီး တချို့ ဖမ်းဆီးခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up