close

နောင်မွန်မြို့တွင် လူငယ်တစ်ဦး မတရားဖမ်းဆီးခံရ

ကချင်ပြည်နယ် နောင်မွန်မြို့က ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ရဲတွေက ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ၀န်းကျင်လောက်မှာ မတရားဖမ်းဆီးသွားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြည်သူ့စစ်နဲ့ရဲတွေ ဒီနေ့ ဖမ်းလိုက်တဲ့လူငယ်က သူ့ဘာသာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး အေးဆေးနေတဲ့လူငယ် ဖြစ်ပါတယ်။ အရင်တလောက သိက္ခာတော်ရဓမ္မဆရာ ၃ ပါး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ မနက်ဖြန် ပူတာအိုကို လွှဲမယ် သိရတယ်။” 

ပူတာအို ဒေသခံလူငယ်တွေ မတရားဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ခုလိုပြောပါတယ်။

“အခုလို လူငယ်တွေကို မတရားလိုက်ဖမ်းနေတဲ့ လုပ်ရပ်ဟာ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုကို မလိုလားဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ပူတာအိုဒေသကို တည်ငြိမ်စေချင်ရင် အခုလို အေးချမ်းစွာနေတဲ့ လူငယ်တွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး လိုက်ဖမ်းနေတာကို လုံးဝ ရပ်တန်းက ရပ်သင့်တယ်။” 

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး မတရားဖမ်းဆီးခံရတဲ့ ပူတာအိုဒေသခံလူငယ် ၄၀ ကျော်ရှိပြီး ပူတာအိုအကျဉ်းထောင်မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရကာ တချို့ကတော့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up