မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ သံသယဖြစ်ဖွယ် ပဲ့ထိန်းဒုံးကျည်တစင်းကို ဇန်နဝါရီ ၅ ရက်မှာ ပစ်လွှတ်လိုက်တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။
တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအရာရှိချုပ်ကလည်း မြောက်ကိုရီးယားဟာ အမျိုးအမည်မသိ ဒုံးကျည်တစင်းကို အရှေ့ဘက်ကမ်းရိုးတန်းကနေ ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားက နှစ်သစ်မှာ ပထမဆုံး လွှတ်တင်ခဲ့တာပါ။
မတည်ငြိမ်တဲ့ နိုင်ငံတကာ အခင်းအကျင်းကို တုံ့ပြန်ဖို့ စစ်တပ်ကို ဆက်ပြီး တိုးတက်အောင် လုပ်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကတိပြုအပြီး ရက်ပိုင်းအတွင်း ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။
ဒီပစ်လွှတ်မှုကို ပထမဆုံး အစီရင်ခံခဲ့တဲ့ ဂျပန် ကမ်းရိုးတန်းစောင့်တပ်က ဒါဟာ ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်တယ်လို့ ပြောပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။