close

သထုံမြို့နယ်၌ ရက်ပိုင်းအတွင်း လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဇန်နဝါရီ ၂ ရက်မှ  ၈ ရက်အထိ တပတ်အတွင်း လူငယ် ၁၅ ယောက် ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်သလို ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ ပါဝင်တာ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာပါ။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေ အများစု ပါဝင်နေတာ ဖြစ်ပြီး၊ အဲဒီထဲမှာတော့ မောင်ဇင်မင်းထက် အပါအဝင် အသက်မပြည့်သေးတဲ့ လူငယ် ၃ ယောက်လည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက သထုံ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးကျောင်း စစ်ကြောရေးကို ပို့ဆောင်ထားပြီး၊ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။

သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လကျော်ကာလအတွင်းမှာ အပြစ်မဲ့ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up