close

လွိုင်ကော်တိုက်ပွဲအတွင်း CDM ကျောင်းဆရာ ရဲဘော် ၁ ဦး ကျဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် KNDF တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်ပေးနေတဲ့ CDM ကျောင်းဆရာ ရဲဘော်တယောက်  လက်နက်ကြီးကျည်ဆန်ထိမှန်  ကျဆုံးသွားပါတယ်။

ကျဆုံးခဲ့သူကတော့ KNDF တပ်ဖွဲ့ဝင်  အသက် ၂၀ အရွယ် CDM ကျောင်းဆရာ ရဲဘော်ကိုနိုင်လင်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် KNDF တပ်ရင်း ၆ က ရဲဘော်တယောက်လည်း ခြေထောက်ဖြတ်လိုက်ရသလို KNDFတပ်ရင်းတွေက ရဲဘော်တွေအပါအဝင်၊ ဒေသခံကာကွယ်ရေးတပ်တွေ၊ ပြည်သူတွေထဲကပါ အထိအခိုက်အများအပြား ရှိပါတယ်လို့ KNDFရဲ့ တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဒေသတွင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့အတွက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့က  ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်တွေကလည်း မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် ဝေဟင်ကနေလည်း လေကြောင်းတိုက်ခိုက်တာတွေလည်း အပြင်းအထန် ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up