close

ရေး PDF လက်နက်နှင့်စားနပ်ရိက္ခာလိုအပ်ချက်အတွက် လူမှုကွန်ရက်ကတဆင့် အလှူခံ

မွန်ပြည်နယ် ရေးမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ရေး PDF  အနေနဲ့  စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားဖို့  လက်တလော လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်ချက်တွေ ရှိလာနေတယ်လို့ လူမှုကွန်ရက်ကတဆင့်  ပြည်သူတွေကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ အသိပေး အလှူခံနေပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် ရေး PDF က အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ပါးစေမှန်သမျှကို တိုက်ခိုက်ချေမှုန်းခဲ့လာတာ ဒီနေ့အထိဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေ ဖြစ်တဲ့ ရဲ၊ စစ်သားတွေ နဲ့ သတင်းပေး ၂ ဒါဇင်လောက် သတ်ဖြတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၁၀ ဦးလောက်ရှိတယ်လို့  ရေး PDF က ပြောပါတယ်။

ရေး PDF တွေကို ကူညီထောက်ပံ့ပေးနေတဲ့သူတွေကိုလည်း စစ်ကောင်စီဘက်က မျက်ခြေ မပြတ်လေ့လာစောင့်ကြည့်နေပြီး မသင်္ကာတဲ့သူတွေကို စုံစမ်းဖော်ထုတ်ဖမ်းဆီ‌နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေး PDF ရဲ့ လှုပ်ရှားနယ်မြေတွေဘက်ကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်လာခဲ့ပေမဲ့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုတွေ ဒီနေ့အထိ မရှိသေးပေမဲ့ ရေး PDF တွေက ပြောက်ကျားနည်းနဲ့ သာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up