မြောက်ကိုရီးယား တတိယအကြိမ် ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်ရာမှာ မီးရထားနဲ့သယ်ဆောင်လာတဲ့ ဒုံးကျည်တစင်း ဇန်နဝါရီ ၁၄ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ကြေညာပါတယ်။
ဇန်နဝါရီလအတွင်း တတိယအကြိမ် လက်နက်စမ်းသပ်ပစ်လွှတ်မှုဖြစ်တယ်လို့ ပြောပါတယ်။
အခုစစ်ရေးလေ့ကျင်မှုဟာ ရထားနဲ့သယ်ဆောင်လာတဲ့ တပ်ရင်းတခုရဲ့ လုပ်ငန်းနဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ဆုံးဖြတ်ဖို့ ရည်ရွယ်တာလို့ KCNA သတင်းဌာနက ပြောပါတယ်။
ရထားပေါ်ကနေ ဒုံးကျည်ပစ်လွှတ်တဲ့စနစ်ကို မနှစ်က စက်တင်ဘာမှာ ပထမဆုံး စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ စမ်းသပ်နေတာလို့ ဆိုပါတယ်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်ကတော့ ဇန်နဝါရီ ၁၄ ရက်နေ့က ကိုရီးယားအရှေ့ဘက်ခြမ်းကို တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့ရက်ပိုင်းမှာ မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုတွေ ပိုပြီးတင်းတင်းကြပ်ကြပ် လုပ်နေချိန်မှာ မြောက်ကိုရီးယားက ထပ်ပြီး စမ်းသပ်ပြခဲ့တာဖြစ်ပါတယ်။