close

ကယား စစ်မက်ဖြစ်နေရာများတွင် စစ်ကောင်စီက မိုင်းထောင်ထား၊ သတိနှင့်သွားကြရန် PDF သတိပေး

ကယားပြည်နယ်အတွင်းက စစ်မက်ဖြစ်ပွားရာနေရာတွေမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားတာတွေရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ စစ်ကောင်စီတပ်က နင်းမိုင်းအပါအဝင် အသွင်သဏ္ဌာန်မျိုးစုံနဲ့ ပေါက်ကွဲစေနိုင်တဲ့ပစွည်းတွေကို ထောင်ထားတာကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရာသူတွေ ရှိလာပါတယ်။ 

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို သွားလာကြမယ်ဆိုရင် သတိထားသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးပြောကြားလိုက်တာပါ။

PDF တပ်ဖွဲ့ဝင်တစ်ဦးက “ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေ ရောက်တဲ့နေရာမှာ နင်းမိုင်း၊ တိုက်မိုင်း၊ မြေမြှုပ်မိုင်းတွေ ထောင်ထားပါတယ်။ ပြည်သူလူထုအနေနဲ့ စစ်ဖြစ်တဲ့နေရာတွေကို အသွားအလာမပြုလုပ်ဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ တကယ်လို့ မသင်္ကာစရာ နေရာ၊ ပစ္စည်းတွေ တွေ့ရင် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ကို အကြောင်းကြားပြီး မိုင်းရှင်းလင်းပေးခိုင်းဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ နယ်တွေအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြင်းထန်တာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူ အလွန်အကျွံသုံးကာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဒါကြောင့် စစ်ကျန်ပစ္စည်းတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေနဲ့ မသင်္ကာစရာ ပစ္စည်းတွေတွေ့ရင် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြောင်းကြား ရှင်းလင်းခိုင်းဖို့လည်း တိုက်တွန်းထားပါတယ်။

ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင်း အရပ်သားပြည်သူ သိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up