close

တက္ကဆက်ပြည်နယ်ရှိ ရဟူဒီဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုနေသူ ၄ ဦး ပြန်ပေးဆွဲခံရ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ကောလေးဗေလီမြို့က ရဟူဒီ ဘုရားရှိခိုးကျောင်းမှာ ဘာသာရေးဝတ်ပြုနေတုန်း သေနတ်သမားတယောက်က လူ ၄ ယောက်ကို ပြန်ပေးဆွဲတဲ့ အပြုအမူဟာ အကြမ်းဖက်လုပ်ရပ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

မာတင်လူသာကင်း ဂျူနီယာနေ့အတွက် ဖီလာဒယ်ဖီးယားမြို့က ဖီလယ်ဘန်းဒန့်စ် စားနပ်ရိက္ခာ ဘဏ်ကို အလည်အပတ် ရောက်နေချိန်မှာ ဘိုင်ဒင်က ခုလို ပြောလိုက်တာပါ။

သေနတ်သမားက ဘာကြောင့် ရဟူဒီဘုရားကျောင်းကို ပစ်မှတ်ထားခဲ့တာလဲ ဆိုတဲ့ အချက်အတွက် လုံလောက်တဲ့ သတင်းအချက်အလက်တွေကို မရသေးဘူးလို့လဲ ဘိုင်ဒင်က ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်ညမှာ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI က ကယ်ဆယ်ရေးအဖွဲ့ဟာ ရဟူဒီဘုရားကျောင်းကို စီးနင်းခဲ့ပြီး ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဓားစာခံတွေကို ပြန်မလွှတ်ပေးခင် ရဲနဲ့ သေနတ်သမားတို့ ဆယ်နာရီကြာ ရင်ဆိုင်တွေ့ခဲ့ပြီး ဓားစာခံ အားလုံးကို စနေညက ဘေးကင်းကင်း ပြန်လွှတ်ပေးခဲ့ပြီး သေနတ်သမား သေဆုံးခဲ့တယ်လို့ ကော်လေးဗေလီမြို့ ရဲတပ်ဖွဲ့အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up