close

ဆားလင်းကြီး PDF တပ် ပူးပေါင်းဆင်နွှဲခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့နဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းသပိတ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ မှာပြုလုပ်ခဲ့ပြီး ကာကွယ်ရေးအတွက် ဆားလင်းကြီး PDF အဖွဲ့က ရဲဘော်တွေ လာရောက်အားဖြည့်ပြီး သပိတ်ပွဲကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ပါတယ်။ 

“ရှေ့ဆက်လျှောက်ရမယ့် စစ်အာဏာရှင်အမြစ်ဖြတ်မယ့် တော်လှန်ရေးခရီးမှာ လူထုရဲ့ ပါဝင်မှုအားဟာ အဓိကပဓာန ကျပါတယ်။ လူထုပါဝင်မှုများလေလေ တော်လှန်ရေးအောင်မြင်ဖို့ ခရီးလမ်းနီးလေလေပါပဲ။ ဒါကြောင့်မို့ လူထုအနေနဲ့ အာဏာရှင်ကို အမြစ်ဖြတ်ဆန့်ကျင်နေတဲ့ ထောက်တိုင်လမ်းစဉ်မှန်သမျှမှာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ပေးကြပါ” လို့ လှုံ့ဆော်ထားပါတယ်။ 

“ဒီလိုလမ်းပေါ်လူထုသပိတ်တိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး PDF အဖွဲ့တွေအားလုံးဟာ ညီညီညာညာ လက်တွဲချီတက်နေပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ကိုသာ ဦးတည်နေတာဖြစ်တာကြောင့် လှူနိုင်သူကလှူပြီး ကူနိုင်သူက ကူပေးကြရင်း အာဏာရှင်ဆန့်ကျင်ရေး အရွေ့ကို ရွေ့အောင် ပြည်သူလူထု စုပေါင်းအားနဲ့ ဝိုင်းဝန်းအားဖြည့်ဝန်းရံပေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” လို့လည်း မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up