close

မုံရွာမြို့တွင် စစ်ကောင်စီတပ်များရှိသည့် နေ‌ရာအနှံ့ ဗုံးပေါက်ကွဲ

၂၀၂၁ မတ်လက မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေစဉ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇန်နဝါရီ ၁၇ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေ အပါအဝင် မြို့ပေါ်နေရာအများအပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် ညပိုင်းက မုံရွာမြို့ပေါ် အာဇာနည်လမ်းမှာ ၂ လုံး၊ ဘုရားနီ၊ မြို့ပတ်လမ်း၊ ရန်ကင်းမီးပွိုင့်၊ ချင်းတွင်းမြင့်ဟိုတယ်ရှေ့၊ ကျောက္ကာလမ်း၊ ကန်သာယာ၊ သမစိတ္တလမ်းဆုံ၊ လျှပ်စစ်ရုံးလမ်းဆုံ၊ အသောကလမ်းဆုံ၊ လောင်းကစားလမ်းကြား၊ ဘိုးဘွားရိပ်သာအဝိုင်းပတ်နဲ့ သာစည်မီးပွိုင့်တွေမှာ ဗုံးတစ်လုံးစီနဲ့ ခမရ-၁၆ တပ်ရင်းကို ဗုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa NightKing နဲ့ ACF Monywa အဖွဲ့က ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ လုံခြုံရေးကြောင့် စောင့်ကြည့်နိုင်ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“မနေ့ ၇ နာရီလောက်ကစပြီး တမြို့လုံး နေရာအနှံ့ ဗုံးပေါက်တွေကြားရတယ်။ နေရာအနှံ့ တအုန်းအုန်းပေါက်တယ်” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up