close

CDM မီးရထားဝန်ထမ်းများကို စစ်ကောင်စီက နေအိမ်လိုင်းခန်းမှ ရွှေ့ပြောင်းခိုင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ မီးရထားဝင်းအတွင်း နေအိမ်လိုင်းခန်းတွေမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက  နေအိမ်လိုင်းခန်းတွေကနေ တစ်ပတ်အတွင်း ပြောင်းရွှေ့ခိုင်းထားတဲ့အတွက် အခက်အခဲဖြစ်နေကြပါတယ်။

CDM  မီးရထားဝန်ထမ်းတွေကို နေအိမ်လိုင်းခန်းတွေကနေ ဖယ်ရှားပေးဖို့ ဇန်နဝါရီ ၁၄ ရက် နေ့စွဲနဲ့ နို့တစ်စာ ထုတ်ပြန်ခဲ့ပြီး တစ်ပတ်အတွင်း  ပြောင်းရွှေ့ခိုင်းခဲ့တာလို့ မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

“တချို့ CDM ဝန်ထမ်းတွေကလည်း တခြားဒေသတွေကို အစောကြီးကတည်းက ပြောင်းကုန်တာတွေရှိတယ်။ တချို့တွေကလည်း ဒီလိုင်းခန်းထဲမှာပဲ နေကြတယ်။ အားလုံးကတော့ စီးပွားရေးအဆင်မပြေကြဘူး။ တစ်ပတ်အတွင်း ပြောင်းခိုင်းတာ မပြောင်းပေးနိုင်ရင် ဘာဖြစ်မလဲ ဆိုတာတော့ မသိရသေးဘူး”လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တစ်ပတ်အတွင်း ပြောင်းရွှေ့ခိုင်းခဲ့တဲ့အတွက် တခြားနေရာတွေကို  ပြောင်းရွှေ့နေထိုင်ကြတဲ့ ဝန်ထမ်းတွေလည်းရှိကာ  ပြောင်းရွှေ့နေထိုင်ဖို့  အဆင်မပြေကြတဲ့ဝန်ထမ်းတွေလည်း ရှိနေပါတယ်။

မြစ်ကြီးနားဘူတာမှာ CDM ပြုလုပ်ထားတဲ့အတွက် ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရတဲ့  မီးရထားဝန်ထမ်း အယောက်  ၁၀၀ လောက်ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up