close

အဝေးပြေးယာဉ်လိုင်းများ တန်ဆာပစ္စည်းလက်ခံမှုကို ကန့်သတ်

အဝေးပြေးယာဉ်လိုင်းတွေမှာ တန်ဆာအဖြစ်အဖြစ် အစားအသောက်၊ အကြော်အလှော်နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းတချို့ကို စစ်ကောင်စီက  တင်ဆောင်ခွင့် ကန့်သတ်လိုက်ပါတယ်။ 

ကန့်သတ်ထားတဲ့ ပစ္စည်းတွေကတော့ အစားအသောက်၊ အကြော်အလှော်၊ အဝတ်အထည်၊ ပြောက်ကျားတူညီဝတ်စုံတွေ၊ အီလက်ထရွန်နစ်ပစ္စည်းတွေဖြစ်တဲ့ CCTV၊ Drone၊ ကင်မရာ၊ ဘတ်ထရီနဲ့ ဓာတ်ခဲတွေ၊ နှစ်လုံးထက်ပိုတဲ့ ဖုန်းနဲ့ Laptop၊ စကားပြောစက်၊ လျှပ်စစ်မီးအိမ်၊ ဓာတ်မီး၊ ဝါယာကြိုး၊ ကော်၊ စတီးနဲ့ သံထည်ပစ္စည်းတွေ၊ ရေပိုက် (ကော်၊စတီး၊သံ) အက်စစ်၊ ယမ်းမှုန့်၊ သစ်သား၊ ကျောက်တုံး၊ မီးသွေး၊ မှန်ဘီလူး၊ မှန်ပြောင်းနဲ့ ရွှေထည်ပစ္စည်းတွေ ဖြစ်ပါတယ်။ 

တန်ဆာတင်ဆောင်ခွင့်ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို လက်ရှိယာဉ်လိုင်းဂိတ်တွေမှာ သတ်မှတ်ထားတာလို့ ခရီးသွားလက်မှတ်အရောင်းဌာန  တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

နေရာ၊ ဒေသအပေါ်မှာ မူတည်ပြီးတချို့ယာဉ်လိုင်းတွေက လူမဲ့တန်ဆာလက်ခံခြင်းမရှိသလို၊ လူမဲ့ တန်ဆာလက်ခံတဲ့ ယာဉ်လိုင်းတချို့ကလည်း တန်ဆာပစ္စည်းတွေကို ဖွင့်ဖောက် စစ်ဆေးသွားမယ်လို့ အသိပေးထားကြပါတယ်။ 

အဓိကအားဖြင့် တိုက်ပွဲပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်တွေကို အဆိုပါကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်  မပြုဖို့ ညွှန်ကြားချက်အရ ကန့်သတ်ထားတာလို့  အဝေးပြေးယာဉ်လိုင်းတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up