close

ကြံခင်းမြို့နယ်က သစ်တော တောခေါင်းတဦးကို စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ သစ်တော တောခေါင်းတဦးကို PDF တွေနဲ့ အဆက်သွယ်ရှိတယ်စွပ်စွဲကာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မြို့နယ်သစ်တောဦးစီးဌာနက တောခေါင်း ကိုစိုးနေနိုင်ကို မြို့နယ်သစ်တောရုံး အစည်းဝေးတက်ပြီးအပြန် လမ်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူက CDM တောင်လုပ်တဲ့သူမဟုတ်ဘူး၊ အဲ့တာကို PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ၊ ဘယ်လိုမှ မဖြစ်နိုင်တာလေ။ ဖမ်းတာတော့ အစည်းဝေးကအပြန်မှာ ဖမ်းသွားတာ အိမ်တောင်ရောက်မသွားဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

တောခေါင်း ကိုစိုးနေနိုင်ကို အစည်းအဝေးအပြန်လမ်းမှာ ဖမ်းဆီးသွားကာ ဘက်ရဲနယ်မြေရဲစခန်းမှာ စစ်ဆေးတာတွေပြုလုပ်နေပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ 

ကြံခင်းမြို့နယ်ထဲက အနောက်ရိုးမနဲ့ဆက်စပ်နေတဲ့ တောတွေထဲကို ဇန်နဝါရီလဆန်းပိုင်းက စစ်ကောင်စီတပ်သားတွေ တောနင်းရှာဖွေတာတွေပြုလုပ်ပြီးနောက်ပိုင်း ခုလို တောခေါင်းကို စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up