ယူကရိန်းသို့ အမေရိကန် စစ်လက်နက်ကာကွယ်ရေးပစ္စည်းများ ရောက်ရှိ

ရုရှားနဲ့ စစ်ရေးတင်းမာနေတဲ့ ယူကရိန်းနိုင်ငံကို အမေရိကန် စစ်လက်နက်နဲ့ ကာကွယ်ရေးပစ္စည်း ဒေါ်လာ သန်း ၂၀၀ တန်ဖိုး ပထမအသုတ် ရောက်ရှိလာတယ်လို့ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကိယက်ဗ်မြို့ကို ရောက်ရှိပြီး ယူကရိန်းသမ္မတဇာလန်စကီးနဲ့ တွေ့ဆုံပြီးနောက် စစ်ရေးအကူအညီတွေ ရောက်ရှိလာတာပါ။
ဇန်နဝါရီ ၂၀ ရက်မှာ ဗြိတိန်ကလည်း တင့်ကားဖျက်ဒုံးကျည် ၂၀၀၀ နဲ့ စစ်သင်တန်းပို့ချမယ့် အရာရှိ ၃၀ ကို ယူကရိန်းဆီ ပို့ပေးခဲ့ပါတယ်။
ယူကရိန်းရဲ့ အချုပ်အခြာနယ်မြေပိုင်နက်ထဲ ရုရှားကျူးကျော်လာမှာကို ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက လက်နက်ပံ့ပိုးမှုတွေ ဆက်လုပ်သွားမယ်လို့ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားပါတယ်။