close

အွန်လိုင်းရုပ်သံ ထုတ်လွှင့်သည့် Netflix ကုမ္ပဏီ၏အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထိ ကျဆင်း

အင်တာနက်ကတဆင့် ရုပ်ရှင်နဲ့ တီဗီစီးရီးတွေ ထုတ်လွှင့်ဝန်ဆောင်မှုပေးနေတဲ့  နက်ဖလစ် (Netflix) ကုမ္ပဏီက ဇန်နဝါရီကနေ မတ်လအတွင်း ကြည့်ရှုသူ ထက်ဝက်နီးပါး လျော့သွားမယ်လို့ ခန့်မှန်းပြီးနောက် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး နက်ဖလစ် အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုလုပ်ငန်းဟာ ယခုနှစ် ပထမ သုံးလပတ် အတွင်း အခပေးကြည့်ရှုသူ ၅ ဒသမ ၉ သန်း တိုးလာမယ်လို့ မူလက ခန့်မှန်းထားခဲ့ရာက၊ တဝက်နီးပါး လျော့ကျသွားပြီး ကြည့်ရှုသူ ၂ ဒသမ ၅ သန်း သာ တိုးလာမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် နက်ဖလစ်ရဲ့  ရှယ်ယာ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းပြီး အမြတ်ငွေ ဒေါ်လာ ၇ ဒသမ ၇၁ ဘီလီယံ ထိခိုက်ဖို့ ရှိပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Walt Disney ကုမ္ပဏီက ရှယ်ယာ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ Roku ကုမ္ပဏီက ၅ ရာခိုင်နှုန်း ကျဆင်းပါတယ်။ 

ဒါပေမဲ့ Walt Disney ၊ HBO နဲ့ Roku  တို့ဟာ အနာဂတ် အွန်လိုင်းရုပ်သံ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် ဘီလီယံပေါင်းများစွာ ပုံအောပြီး ရင်းနှီးမြှုပ်နှံနေကြပါတယ်။

လက်ရှိ ကမ္ဘာတဝန်း နက်ဖလစ်အစီအစဉ်တွေကနေ ကြည့်ရှုသူ စုစုပေါင်း ၂၂၁ ဒသမ ၈ သန်း ရှိပြီး ဈေးကွက် တန်ကြေးပမာဏ ဒေါ်လာ ၁၇၆ ဘီလီယံ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up