close

စပိန်နိုင်ငံတွင် လယ်သမားထောင်ချီ ဆန္ဒပြ

စပိန်နိုင်ငံက ထောင်နဲ့ချီတဲ့ လယ်သမားတွေနဲ့ တခြားကျေးလက်ဒေသက လယ်ယာ လုပ်သားတွေဟာ ဇန်နဝါရီ ၂၃ ရက်   တနင်္ဂနွေနေ့က မဒရစ်မြို့ရဲ့ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

လယ်ထွန်စက် အစီး ၄၀၊ မြင်းအကောင်ရေ ၅၀၊ နွားလှည်း ၁၅ စီး အပါအဝင် လုပ်ငန်းခွင်ထဲ ခိုင်းတဲ့ ခွေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုပါ ခေါ်ထုတ်လာပြီး ကျေးလက်လူထုရဲ့ အခက်အခဲတွေကို အစိုးရဖြေရှင်းပေးဖို့ လယ်ယာအဖွဲ့အစည်း ၃၀၀ ကျော်က တောင်းဆိုခဲ့တာပါ။

ဆန္ဒပြသူတွေက တခြားနိုင်ငံတွေမှ ဈေးပေါတဲ့စားသောက်ကုန် တင်သွင်းမှုကို ကာကွယ်ဖို့၊ အိမ်မွေးတိရိစ္ဆာန် ရောင်းချမှုတားမြစ်တဲ့ ဥပဒေသစ်ကို ပြင်ဆင်ပေးဖို့၊ ဝံပုလွေတွေရန်က ကာကွယ်ပေးဖို့ စတဲ့ ပြဿနာတွေကို တင်ပြ တောင်းဆိုခဲ့ပါတယ်။

လက်ရှိ စပိန်နိုင်ငံအတွင်းကို တောင်အာဖရိက၊ အီဂျစ်၊ မော်ရိုကို စတဲ့နိုင်ငံတွေက အရည်အသွေးညံ့ ဈေးချိုတဲ့ လယ်ယာသီးနှံနဲ့ စားသောက်ကုန်တွေ တင်သွင်းနေတာကြောင့် စပိန်လယ်သမားတွေဟာ လယ်ယာကို စွန့်ခွာနေကြပါတယ်။

မကြာခင်က စားသုံးသူရေးရာဝန်ကြီးက စပိန်လူမျိုးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်အတွက် အသားစားတဲ့ အလေ့အကျင့် လျော့ချဖို့ ပြောဆိုပြီးတဲ့နောက် အသားငါး ထုတ်လုပ်သူတွေနဲ့ ပြဿနာ ဖြစ်ခဲ့ပြီးနောက် အခုဆန္ဒပြမှုတွေ ထွက်ပေါ်လာတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up