close

ကိုဗစ်စည်းကမ်းများအပေါ် ပြင်သစ်ကျောင်းဆရာများ ဒုတိယအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြ

အစိုးရရဲ့ ကိုဗစ်-၁၉ ဥပဒေစည်းကမ်းတွေကို ဒေါသထွက်နေတဲ့ ရာနဲ့ချီတဲ့ ပြင်သစ်ကျောင်း ဆရာတွေက ပဲရစ်မြို့ လမ်းတွေပေါ်ထွက် ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

ဆရာတွေနဲ့အတူ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေ၊ မိဘတွေပါ ပူးပေါင်းပါဝင်ပြီး ကျောင်းတွေမှာ မကြာခဏ ပြောင်းလဲသတ်မှတ်နေတဲ့ ကိုဗစ်စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အသက် ၃၀ အရွယ် တက္ကသိုလ်ဆရာ အဒရီယန် ပီချာဒ် က “ဆရာတွေရော၊ ကျောင်းသားတွေရော အားလုံးကို အကာကွယ်ပေးမယ့် ကျန်းမာရေးဆောင်ရွက်မှုတွေကို လိုချင်တာပါ။ အခု တက္ကသိုလ်တွေမှာ စာမေးပွဲတွေ စတော့မယ်၊ ကျောင်းသား ၂၀၀ ကျော်က နှာခေါင်းစည်းတပ်ပြီး စာထိုင်ဖြေရမှာလား၊ သူတို့ကို FFP2 mask တွေ ပေးမထားဘူး၊  ကျောင်းမှာ CO2 monitor တွေ မရှိဘူး၊ အခန်းတွေ လေဝင်လေထွက် မကောင်းဘူး၊ ဗိုင်းရပ်စ်တွေ ဖြန့်ချိနေသလိုဖြစ်မယ်၊ နောက်ပြီး ဆရာတွေရဲ့ လစာ တိုးတက်မလာဘူး” လို့ ပြောပါတယ်။

ပြင်သစ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲနီးပါး ရှိနေတာပါ။ အိုမီခရွန်ကူးစက်မှု မြင့်မားလာနေပြီး စနစ်တကျ ထိန်းချုပ်ရေးအစီအစဉ်တွေမရှိသေးဘဲနဲ့ ဝန်ကြီးချုပ်က ကန့်သတ်မှုတွေ ဖယ်ရှားမယ်လို့ ကြေညာခဲ့တာကို  ဒေါသဖြစ်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up