မြေထဲပင်လယ်ကို ဖြတ်လာတဲ့ လှေပေါ်မှ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၇ ဦး အပူလွန်သေဆုံး

လစ်ဗျားနိုင်ငံကနေ မြေထဲပင်လယ် လမ်ပီဒူဆာကျွန်းကို ဦးတည်မောင်းလာတဲ့ ဒုက္ခသည် လှေကြီးပေါ် လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် ၇ ဦး၊ ကိုယ်အပူရှိန် လွန်ကဲမှုကြောင့် သေဆုံးခဲ့တယ်လို့ အီတလီ ရှေ့နေ့အဖွဲ့က ပြောပါတယ်။
အီတလီကမ်းခြေစောင့်တပ်ဖွဲ့က လူသူမရှိတဲ့ လမ်ပီဒူဆာကျွန်းရဲ့ ၁၈ မိုင်အကွာမှာ သန်းခေါင်ကျော်အချိန် လှေကြီးတစီးကို တွေ့ခဲ့ပြီး မီတာ ၂၀ ရှည်တဲ့ လှေထဲ ဒုက္ခသည် ၂၈၀ ကို ပြည့်ကျပ်ညပ် တင်ထားတာတွေ့ရှိခဲ့ပါတယ်။
ပင်လယ်ပြင်ရဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံခဲ့ရသူတွေကို ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သုံးဦးကတော့ လှေပေါ်မှာ သေနေပြီး၊ လေးဦးက ဆရာဝန်တွေ ကုသပေးချိန်မှာ သေဆုံးသွားပါတယ်။