close

မြေထဲပင်လယ်မှ ကယ်တင်ခဲ့သည့် ဒုက္ခသည်များကို အီတလီသို့ ဂျာမန်သင်္ဘော ပို့ဆောင်

မြေထဲပင်လယ်ထဲမှ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ခဲ့တဲ့ ဂျာမန် လူမှုကယ်ဆယ်ရေးသင်္ဘောဟာ ဇန်နဝါရီ  ၁ ရက်က အီတလီနိုင်ငံ စစ္စလီကျွန်း ပိုဇာလိုမြို့ဆိပ်ကမ်းကို ဆိုက်ကပ်ပြီး ဒုက္ခသည်တွေကို ချထားခဲ့ပါတယ်။ အဲဒီလူမှုကယ်ဆယ်ရေးသင်္ဘောဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ဒုက္ခသည်တွေကို  ချထားဖို့ ဆိပ်ကမ်းလိုက်ရှာနေခဲ့တာပါ။

မြေထဲပင်လယ်ထဲ စွန့်စွန့်စားစား ဖြတ်လာတဲ့ ဒုက္ခသည်အုပ်စုတွေကို ဂျာမန်သင်္ဘောက ၅ ကြိမ်တိတိ ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီသူတွေထဲ အများစုက အရွယ်မရောက်သေးသူ ၂၀၀ လောက်နဲ့ အုပ်ထိန်းသူမရှိ တကိုယ်တော်တွေပါ။

နိုင်ငံတကာပင်လယ်ရေကြောင်းထဲ လှည့်လည်ခဲ့တဲ့ သင်္ဘောကြီးက ဒီဇင်ဘာ ၂၄ မှာ အီတလီ လမ်ပီဒူဆာကျွန်းတောင်ဘက် ပင်လယ်ထဲ မျောနေတဲ့လှေထဲက လူ ၉၃ ဦး၊ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ လစ်ဗျားကမ်းရိုးတမ်း သစ်သားလှေကြီးထဲက ၂၅၇ ဦး၊ ဒီဇင်ဘာ ၂၆ မှာ အခြားနေရာက ၉၆ ဦးနဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ ၆ ဦး တို့ကို ကယ်တင်ခဲ့ပါတယ်။  

၂၀၂၀ ပြည့်နှစ်မှာ အီတလီနိုင်ငံကို ရွှေ့ပြောင်းဒုက္ခသည်  ၃၄၁၅၄ ဦး ရောက်ရှိပြီး၊ ၂၀၂၁ မှာ  ၆၇၀၄၀ ဦး ရောက်ရှိခဲ့ပါတယ်။ အများစုက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up