close

အကြမ်းဖက်မှုဖြင့်စွပ်စွဲဖမ်းဆီးခံနေရသည့် မော်လမြိုင် NLD ပါတီ ဥက္ကဋ္ဌကို စတင်ရုံးထုတ်စစ်ဆေး

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ လွှတ်တော်အမတ်  ဒေါ်နွယ်နွယ်အောင်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို မော်လမြိုင်မြို့နယ် တရားရုံးမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပြီး အခုရုံးချိန်းမှာတော့ တရားလိုပြသက်သေ ရဲတပ်ကြပ် ၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

စစ်ကောင်စီက ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ထားတာပါ။

မော်လမြိုင်မြို့နယ် NLD ဥက္ကဋ္ဌနဲ့ ရွေးကောက်ခံအမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက်မှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခဲ့တာပါ။

ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ဥက္ကဋ္ဌ ဖြစ်သလို ၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up